Sunday, June 18, 2017

မျိုးရိုးအဆက်ဆက် မျိုးရိုးအဆက်ဆက် ကိုးကွယ်လာခသော မဟာမုနိ


ဂေါတမဗုဒ္ဓ သက်တော်ထင်ရှားဟိစဉ် စစ်မှန်သော ဗုဒ္ဓ၏ကိုယ်ပွားသာလျှင် ဖြစ်တန်ရာ၏ဟု ရခိုင်လူမျိုးများ
အယုံအကြည်ဟိသော မဟာမုနိရုပ်ရှင်တော်မြတ်ကြီးသည် ရခိုင်လူမျိုးရို့သမိုင်း မှတ်တမ်းအားလုံး၏
ကိုးကားချက်ဖြစ်သည်။ ထိုသမိုင်းမှတ်တမ်းများသည် ထေရ၀ါဒဗုဒ္ဓဘာသာဟိခပြီးနောက် မျက်မှောက်
ထုံးတမ်းစဉ်များကို ထည့်သွင်းထားသည်။ သီရိလင်္ကာ၏ ပါဠိစာပီမှ ကျယ်ကျယ်ပြန့်ပြန့်ဆင်းသက်ကြီး
ထွားလာမှုဟိပြီး ပုဂံ၏ လွှမ်းမိုးမှုအောက်မှာ ကိုးကွယ်မှု ဘာသာအယူဝါဒအဆင့်ဆင့်ထိ ကျယ်ပြန့်လာ
ပါသည်။
စန္ဒသူရိယ ဘုရင်မင်းမြတ် ရခိုင်ပြည်ကို အုပ်ချုပ်ခသည်အချိန်အခါက ဗုဒ္ဓရုပ်ထုတော်ကို သွန်းလုပ်သည်ဟု
ရိုးရာဓလေ့ ထုံးတမ်းစဉ်လာယုံကြည်မှု ထားကြသည်။ စန္ဒသူရိယဘုရင်မင်းမြတ်သည် ဗုဒ္ဓ၏ဟောကြားပြ 
သမှုရို့၏ သတင်းကို ကြားသိရပြီး ဗုဒ္ဓကိုရိုသေကိုးကွယ်ရန် ဆန္ဒပြင်းပြလာသည်ဟု အဆိုဟိလီသည်။
 အိန္ဒိယနိုင်ငံ သာဝတ္ထိပြည်တွင် သီတင်းသုံးနီထိုင်တော်မူသော ဂေါတမဗုဒ္ဓသည် ထိုအကြောင်းအရာကို
သိလာသောကြောင့် ဗုဒ္ဓက သူ၏သာဝက အာနန္ဒာအား ပြောပြလီသည်မှာ“ကြောက်မက်ဖွယ်ကောင်းသော
 ရီနဂါးများ အုပ်ချုပ်ထားသော ကြီးမားကျယ်ပြန့်သော မြစ်ပင်လယ်သမုဒ္ဒရာကို ဖြတ်ကျော်လားရမည်ဖြစ်၍
 ဤကဲ့သို့သော ခက်ခဲကြမ်းတမ်းသောခရီးသည် စန္ဒသူရိယဘုရင်မင်းမြတ်အတွက်
အလွန်အန္တရာယ်ဟိလိမ့်မည်။
ထို့ကြောင့် တပည့်ရဟန္တာ(၅၀၀) နှင့်အတူ ဂေါတမဗုဒ္ဓသည်   ကောင်းကင်ခရီးဖြင့် ကြွရောက်လာပြီး
 ကျောက်တော်မြို့၏ တဖက်ကမ်းဟိမောရပဗ္ဗတတောင်၌ ဆင်းသက်ရပ်နားတော်မူခလီသည်။
ဤတွင် ဗုဒ္ဓ၏ ရှိရှိဘ၀ပေါင်းများစွာက ကျင်လည်တော်မူခသောနီရာရို့တွင် ဗုဒ္ဓ၏ ဓါတ်တော်များကို
ဌာပနာထည့်၍ ဘုရားပုထိုးများစွာရို့ကို တိုင်းပြည်အနှံ့ တည်ထားကိုးကွယ်လာကြလိမ့်မည်ဟု
ကြိုတင်ဟောကိန်းထုတ် ဗျာဒိတ်တော်ပီးလီသည်။
ဤကဲ့သို့ဗုဒ္ဓ၏ ဗျာဒိတ်ပီးချိန်တွင် မဟာပထ၀ီမြီကြီးသည် တုန်လှုပ်ပြီး ပင်လယ်သမုဒ္ဒရာရို့သည်
ရီနွီးအိုးဆူသကဲ့သို့ ဆူပွက်လီသည်။ စန္ဒသူရိယဘုရင်မင်းမြတ်သည် ဤနိမိတ်ဆောင်သော လက္ခဏာများ၏ဆိုလိုရင်းကို သူ၏ဗေဒင်ဆရာ၊ ဟူးရားတတ်ရို့အား မီးမြန်းစုံစမ်းလျှက် တုန်လှုပ်ထိတ်လန့်
ရခြင်းဖြစ်လီသည်။ ဂေါတမဗုဒ္ဓ ရခိုင်ပြည်ကို ရောက်လာသည့်အကြောင်းကို ဘုရင်မင်းမြတ်သိတော်
မူသောအခါရာပေါင်းများစွာသော အခြွေအရံရို့နှင့်အတူ သူ၏မိဖုရားခေါင်ကြီး စန္ဒရမာလာ၊
သူ၏မှုးမတ် တိုင်းသူပြည်သားရို့နှင့်အတူ မောရပဗ္ဗတတောင်ထက်သို့ လားရောက်ကြလီသည်။
ဘုရင်မင်းမြတ်သည် ဂေါတမဗုဒ္ဓအား အရိုအသေပီးပြီးနောက် ဗုဒ္ဓက သူ့အား ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်းတ
ရားတော်ကို ဟောကြားသင်ပြခလီသည်။ 
ယင်းပြီးနောက် မြို့တော်တွင်(၇) ရက်ကြာ သီတင်းသုံးနီထိုင်မူမည်ကို ဗုဒ္ဓကသဘောတူလက်ခံလီသည်။
 မြို့တော်မှ ဗုဒ္ဓမထွက်ခွာမှီ ဗုဒ္ဓပရိနိဗ္ဗာန် ပြုတော်မူပြီးနောက် နှစ်ပေါင်း(၅၀၀၀)တိုင်   တိုင်ကြည်ညို
ရိုလေးစားမှုခံရမည်ဖြစ်သော ဆံတော်ဓါတ်နှင့် ဗုဒ္ဓ၏ရုပ်ထုကိုယ်ပွားတော်တစ်ဆူထားခမည်ဟု ဗုဒ္ဓသဘောတူလက်ခံလီသည်။နန်းတော်ရာ၏ အရှိမြောက်ဘက် သီရိဂုတ္တတောင်ကုန်းထက်တွင် အလေးအမြတ်ထားသော ဗုဒ္ဓရုပ်ထုတော်ကိုကောင်းကင်ဘုံ ဗိသုကာပညာသျှင် နတ်များ၏ဘုရင် သိကြားမင်းနှင့်အတူ စန္ဒသူရိယဘုရင်မင်းမြတ်အပါအ၀င်တိုင်းသူပြည်သားရို့က တည်ထားကိုးကွယ်ကြ
လေသည်။ရုပ်ထုတော်အတွင်းပိုင်သို့ ဂေါတမဗုဒ္ဓ၏ရင်ငွိ့တော်ဓါတ်ထည့်လိုက်သောအခါ ဂေါတမဗုဒ္ဓနှစ်ဆူပေါ်လာသကဲ့သို့ ဖြစ်ပေါ်လာလီသည်။
အံ့သြကြည်ညိုစရာကောင်းလှသော လက္ခဏာရပ်များ ပေါ်ထွက်လာလီသည်။ မဟာပထ၀ီမြီကြီး တုန်လှုပ်
လာပြီး ရုပ်ထုတော်သည် တဖြည်းဖြည်း အသက်ဟိသကဲ့သို့ သူ၏ နောင်တော် ဂေါတမဗုဒ္ဓအား
ကြိုဆိုသည့်အနီအထားနှင့် မတ်တပ် ထ,ရပ်လီသည်။ ထို့နောက် ဂေါတမဗုဒ္ဓသည် သူ၏သာဝက
ဗုဒ္ဓရဟန်းတော်များနှင့်အတူ သံတွဲဘက်သို့ ကောင်းကင်ခရီးဖြင့် ကြွလားလီသည်။ ယင်းအချိန်အတွင်း ဘုရင်စန္ဒသူရိယမင်းမြတ်သည် သူ၏ မူးမတ်သေနာပတိရို့နှင့်အတူ အကြောင်းကိစ္စရို့ကို တိုင်ပင်ပြီးနောက်
ဗုဒ္ဓ၏စစ်မှန်သော ရုပ်ထုတော်အား ကိုးကွယ်ဆည်းကပ်ပြီး ပွဲလမ်းသဘင်များ ကျင်းပလီသည်။ ရုပ်ထုတော်၏ထူးခြားချက်များမှာ ရောင်ခြည်တော်ခြောက်သွယ် ထွက်လာလီသည်။ ရိုသေကိုင်းယှိုင်း
သူများမှာအနီးကပ်ဖူးမျှော်လာသောအခါ ရောင်ခြည်တော်များ ထွက်ပြီး အယုံအကြည်မဟိသူများ ဖူးမျှော်သောအခါရောင်ခြည်တော်များ မှေးမှိန်လားလေ့ဟိသည်ဟု အဆိုဟိလီသည်။ ရုပ်ထုတော်တည်ဟိသောနီရာ၏ပတ်ဝန်းကျင်အရပ်လေးမျက်နှာရို့တွင်အစောင့်အယှောက်အဖြစ် ကျောက်ရုပ်
ထုများထားပြီးမကောင်းသော အကြံအစည်ရည်ရွယ်ချက်ရို့နှင့် ဗုဒ္ဓရုပ်ပွားတော်အနီးသို့ လာရောက်သူရို့အား အ၀ီးသို့ယှောင်ယှားလားစီသည်။
ဝေသာလီခေတ်မှ ပထမဘုရင်တိုင်အောင် ဗုဒ္ဓရုပ်ထုတော်အတွက် ကျောက်ပလ္လင်တစ်ခုတည်ဆောက်ပြီး
သိမ်တော်ကို ပြန်လည်တည်ဆောက်သည်ဟု အဆိုမှတပါး အခြားမည်သည့်အကြောင်းအရာကိုမှ
မှတ်တမ်းတင်ထားခြင်း မဟိခပါ။ ဝေသာလီမှ ပထမဆုံးဘုရင်၏ အရိုက်အရာကို ဆက်ခံသူသည်
မဟာမုနိသိမ်တော်အား ပြန်လည်မွမ်းမံပြင်ဆင်မှု ပြုလုပ်လီသည်။ သီရိလင်္ကာနှင့် ပုဂံမှ ဘုန်းတော်ကြီးများသည်ရုပ်ထုတော်အားကိုးကွယ်ဆည်းကပ်ရန် ရောက်လာခကြသည်။ ပျူ-ဗမာနှင့် မွန်ဘုရင်များက မဟာမုနိသိမ်တော်ကြီးအတွင်း အလေးအမြတ်ထားသော ဗုဒ္ဓရုပ်ထုတော်အား ပိုင်ဆိုင်လိုသော ရည်ရွယ်ချက်များနှင့်ရခိုင်ပြည်ကိုကျူးကျော်ဝင်ရောက်လာခကြသည်ဟု အဆိုဟိလီသည်။ သို့သော်လည်း မည်သည့်ဘုရင်တစ်ပါးမှအောင်မြင်မှု မဟိခပါ။ တချို့သည် သိမ်တော်ကြီးအား ပြန်လည်ပြုပြင် မွမ်းမံရန် ကတိက၀တ်ပြုကြလီသည်။
(၁၂) ရာစုအချိန်တွင် သိမ်တော်နှင့် ဗုဒ္ဓရုပ်ထုတော် ပျောက်ဆုံးလီသည်။ သို့သော်လည်း လေးမြို့ခေတ်မှ
ဘုရင်တပါး၏ အရိုက်အရာဆက်ခံသူများသည် ယုံကြည်မှုကို ဆက်လက်ထောက်ခံခြင်းဖြင့် ရုပ်ထုတော်နှင့်
သိမ်တော်ကြီးတို့ကို ပြန်လည်ရှာဖွီတွိဟိပြီး သိမ်တော်အား ပြန်လည်တောက်ဆောက်ခကြသည်။
မြောက်ဦးမင်းဆက်ကို တည်ထောင်သူ ဘုရင်မင်းစောမွန်သည် သူ၏မြို့တော်မှ မဟာမုနိသို့
လမ်းတခုဖောက်လုပ်တည်ဆောက်ပြီး မင်းမျိုးမင်းနွယ်ရို့၏ ရိုးရာထုံးတမ်းစဉ်လာ
ဘုရားဖူးခရီးတစ်ခုစတင်ခလီသည်။ (၁၆) ရာစုတွင် ဘုရင်းမင်းဗာသည် မြောက်ဦးမြို့မှ
သျှစ်သောင်းဘုရားအပါအ၀င် တိုင်းပြည်အနှံ့တွင် တည်ဟိနီသော ဘုရားကျောင်းအဆောက်အဦး
အများအပြားရို့တွင် မူရင်းနှင့် ဆင်တူဖြစ်သော မရေမတွက်နိုင်သည့် မဟာမုနိရုပ်ပွားတော်များကို ထုလုပ်ထားရန်အမိန့်တော်ချမှတ်ခလီသည်။
၁၇၈၄-ခု တွင် မြန်မာဘုရင် ဘိုးတောင်ဘုရားသည် ရခိုင်ပြည်ကို သိမ်းပိုက်လီသည်။ ထို့နောက်
မဟာမုနိရုပ်ရှင်တော်မြတ်အားမန္တလေးသို့သယ်ယူလားခသည်။ထိုရုပ်ရှင်တော်မြတ်ကြီးအား မြန်မာပြည်တွင်
ဂနိန့်ထိတိုင် အလေးမြတ်ဆုံးထားသော ရုပ်ထုတော်အဖြစ် ဆက်လက်မှတ်ယူထားကြဆဲဖြစ်သည်။
ဆုံးယှုံးသွားသော အမွီအနှစ်ကြောင့် ရခိုင်ပြည်သူရို့အား နက်နက်နဲနဲ စိတ်ထိခိုက်စီခသည်။ ဆက်လက်ပြီး
မကြာမီ ဗြိတိသျှရို့၏ အုပ်ချုပ်မှုကို ရခိုင်ပြည်သူရို့ ဆက်လက်ခံရလီသည်။ (၁၈၆၇) ခုနှစ်တွင်
မဟာမုနိသိမ်တော်ရာ အနီးပတ်ဝန်းကျင်မှ တွိ့ရသော ကျောက်ရုပ်ထုတော်တစ်ဆူအတွက်
ဘုရားသိမ်တော်ကိုတည်ဆောက်ခကြသည်။
လွန်ခရေ နှစ်(၈၀)အတွင်းက နဂိုမူရင်းအတိုင်း သိမ်တော်ကြီးကို ပြန်လည်ပျင်ဆင်မွမ်းမံမှုရို့ကို
လုပ်ဆောင်ခသည်။ ယင်းအချိန်တွင် အောက်ရင်ပြင်များကို ပြန်လည်ထိမ်းသိမ်းပေးပြီး မန္တလေး၌ရှိသော
မူရင်းမဟာမုနိ ထိုင်တော်မူပုံစံ ကြေးရုပ်ထုတော်အသစ်တစ်ဆူကို သွန်းလုပ်ခြဲ့ကသည်။ ဂနိန့်အခါမှာ
မဟာမုနိဘုရားသိမ်တော်နီရာသည် ပြည်တွင်း၊ ပြည်ပ ဘုရားဖူးသူရို့၏ အရေးကြီးသော ဗဟိုအချက်အချာ
တစ်ခုအဖြစ် ပြန်လည်စည်ကားလာပါသည်။
မဟာမုနိသိမ်တော်သည် နန်းတော်ရာကုန်း၏ အရှေ့မြောက်ထောင့်၌ဟိသော တောင်ပူစာတစ်ခုကို
လွှမ်းခြုံပြုလုပ်ထားသော နီရာတစ်ခုဖြစ်သည်။ ရှိနှစ်ပေါင်း ရာစုများစွာကပင် မဟာမုနိဘုရားသိမ်တော်တွင်
ဘုရားဖူးခရီးသည်များစည်ကားသိုက်မြိုက်နီသောဗဟိုအချက်အချာလည်းဖြစ်ပြီးကျူးကျော်ဝင်ရောက်သူများ
လက်အောက် ရခိုင်ပြည်ကျရောက်ပြီး ရခိုင်ပြည်သူပြည်သားများ ဆင်းရဲဒုက္ခခံစားခရသောအခါ ယာယီအားဖြင့်ဘုရားဖူးခရီးသည်များ နည်းပါးမှုဟိခလီသည်။ မူရင်းအဆောက်အဦး၏အကြွင်းအကျန် လုံးဝမဟိခသော်လည်းယင်း၏ မူရင်းပုံစံတစ်ခုဖြစ်သည်ကို ကောင်းကင်ဓါတ်ပုံများတွင် တွိ့မြင်နိုင်သည်။ ဘုရားသိမ်တော်ကိုထောင့်မှန်စတုဂံနံရံနှစ်ဆင့်က ၀ိုင်းရံထားပြီး သိမ်တော်၏အရှိ့ဘက် အနောက်ဘက်တောင်ဘက်နှင့်မြောက်ဘက်ရို့တွင် ၀င်ပေါက်လေးပေါက် ဖောက်ထားပြီး အရှိ့ဘက်ဝင်ပေါက်ကိုအဓိက ၀င်ပေါက်အဖြစ်ထားသည်။ ပထမဆုံး ရင်ပြင်၏ အရှိ့တောင်ထောင့်နှင့် အရှိ့မြောက်ထောင့်ရို့တွင်ဗုဒ္ဓရုပ်ထုတော်ကြီးအားရိုးရာဓလေ့ထုံးတမ်းစဉ်လာအရကိုယ်လက်သန့်စင်ရန်အတွက် အသုံးပြုရန် ရီကန်ကြီးနှစ်ခု ထားပါသည်။အိန္ဒိယအရှိမြောက်ပိုင်း နာလန္ဒ၌ဟိသော ထင်ရှားကျော်ကြားသော ဗုဒ္ဓဘာသာဝင်ဘုန်းတော်ကြီးများစုဝေးနီထိုင်သော နေရာတစ်ခုဖြစ်ပြီး ရှေး (၆) ရာစုမှပင် အဆင့်ဆင့်ပြောင်းလဲ တိုးတက်လာသော အဓိကဂူဘုရားကျောင်းတော်တွင် ယခင်မူရင်းနည်းတူ အနီးစပ်ဆုံး ပုံစံဖြစ်သော ဘုရားကျောင်းဆောင်ကိုတွိ့နိုင်ေ
....................
PAMELAS GUTMAN ၏ THE MAHAMUNI TRADITION ကို ဘာသာပြန်ဆိုပါသည်။

No comments:

Post a Comment