ရခိုင်ပြည်နယ်မှ တန်ခိုးကြီး ဘုရားတစ်ဆူ ဖြစ်သော မဟာမုနိ ရုပ်ရှင်တော်မြတ် ကိန်းဝပ်ရာ ကျောက်တော်မြို့နယ် မဟာမုနိသိမ်တော် အနောက်ဘက် အရံသိမ်တော် စိန်ဖူးတော်မှာ မုန်တိုင်း မေလ ၂၉ ရက်နှင့် ၃၀ ရက်နေ့က တိုက်ခတ်ခဲ့သည့် မိုရာကြောင့် မြေခ ပျက်စီးခဲ့ရပါသည်။
၎င်းစိန်ဖူးတော်မှာ မြေခခဲ့သော်လည်း လောလောဆယ်တွင် ပြန်လည်တင်နိုင်အုံးမည် မဟုတ်ကြောင်း၊ တန်ဆောင်းမုန်းလလောက်မှ စိန်ဖူးတော်ကို ပြန်တင်နိုင်မည် ဖြစ်ကြောင်း ဘုရားဂေါပက အဖွဲ့ ၀င် ဦးညိုသာလှ ပြောဆိုသည်။
“ ဒီလို ဖြစ်ပျက်စီးသွားတာကို မဟာမုနိဘုရား ဘက်စုံတည်ဆောက်ရေး ဥက္ကဋ္ဌ ဖြစ်တဲ့ မြို့နယ် အုပ်ချုပ်ရေးမှူး၊ နာယက ဆရာတော်ကြီးတွေကို တင်ပြထားပါတယ်။ အခုက မိုးတွင်းကာလ ဖြစ်တဲ့ အတွက် ဘာမှ လုပ်နိုင်မှာ မဟုတ်သေးဘူး။တန်ဆောင်မုန်း လလောက်မှ မြေခ ပျက်စီးတဲ့ စိန်ဖူးတော်ကို ပြန်တင်နိုင်မှာပါ” ဟု သူက ပြောကြားသည်။
မုန်တိုင်းမိုရာကြောင့် မဟာမုနိ ပင်မသိမ်တော် စိန်ဖူးတော်မှာ တစ်စုံတစ်ရာ ထိခိုက်မှု မရှိခဲ့သော်လည်း ဦးငန်းကျား ဓမ္မာရုံ၊ ဂေါပက အဆောင်၊ မီးစက်အဆောင်နှင့် နတ်ကွန်းတို့မှာ အမိုးသွပ်များ ကွာကျ ပျက်စီးခဲ့ပါသည်။
တောင်ဘက်စောင်းတန်း
ဗိသုကာ သွပ်ပန်းများ
မဟာမုနိပြတိုက်
သားဆုပန်ညောင်ပင်း အောက်အဆင့် အားတွေ့မြင်ရပုံ
ငှက်စာကျွေးခဲ့ရပုံ
No comments:
Post a Comment