Monday, May 29, 2017

ရခိုင်ပြည် မဟာမြတ်မုနိဘုရား

ကျောက်တော် မဟာမုနိ အနောက်ဘက် အရံသိမ် စိန်ဖူးတော်မြေခ


ရခိုင်ပြည်နယ်မှ တန်ခိုးကြီး ဘုရားတစ်ဆူ ဖြစ်သော မဟာမုနိ ရုပ်ရှင်တော်မြတ် ကိန်းဝပ်ရာ ကျောက်တော်မြို့နယ် မဟာမုနိသိမ်တော်  အနောက်ဘက် အရံသိမ်တော် စိန်ဖူးတော်မှာ မုန်တိုင်း မေလ ၂၉ ရက်နှင့် ၃၀ ရက်နေ့က တိုက်ခတ်ခဲ့သည့် မိုရာကြောင့် မြေခ ပျက်စီးခဲ့ရပါသည်။

၎င်းစိန်ဖူးတော်မှာ မြေခခဲ့သော်လည်း လောလောဆယ်တွင် ပြန်လည်တင်နိုင်အုံးမည် မဟုတ်ကြောင်း၊ တန်ဆောင်းမုန်းလလောက်မှ စိန်ဖူးတော်ကို ပြန်တင်နိုင်မည် ဖြစ်ကြောင်း ဘုရားဂေါပက အဖွဲ့ ၀င် ဦးညိုသာလှ ပြောဆိုသည်။

“  ဒီလို ဖြစ်ပျက်စီးသွားတာကို မဟာမုနိဘုရား ဘက်စုံတည်ဆောက်ရေး ဥက္ကဋ္ဌ ဖြစ်တဲ့ မြို့နယ် အုပ်ချုပ်ရေးမှူး၊ နာယက ဆရာတော်ကြီးတွေကို တင်ပြထားပါတယ်။ အခုက မိုးတွင်းကာလ ဖြစ်တဲ့ အတွက် ဘာမှ လုပ်နိုင်မှာ မဟုတ်သေးဘူး။တန်ဆောင်မုန်း လလောက်မှ မြေခ ပျက်စီးတဲ့ စိန်ဖူးတော်ကို ပြန်တင်နိုင်မှာပါ” ဟု သူက ပြောကြားသည်။

မုန်တိုင်းမိုရာကြောင့် မဟာမုနိ ပင်မသိမ်တော် စိန်ဖူးတော်မှာ တစ်စုံတစ်ရာ ထိခိုက်မှု မရှိခဲ့သော်လည်း ဦးငန်းကျား ဓမ္မာရုံ၊ ဂေါပက အဆောင်၊ မီးစက်အဆောင်နှင့် နတ်ကွန်းတို့မှာ အမိုးသွပ်များ ကွာကျ ပျက်စီးခဲ့ပါသည်။


 တောင်ဘက်စောင်းတန်း





 ဗိသုကာ သွပ်ပန်းများ



 မဟာမုနိပြတိုက်
  သားဆုပန်ညောင်ပင်း အောက်အဆင့် အားတွေ့မြင်ရပုံ
ငှက်စာကျွေးခဲ့ရပုံ

မဟာမြတ်မုနိကုန်းတော်မှ ယဉ်ကျေးမှုသမိုင်းပြခန်းများ

မဟာမြတ်မုနိကုန်းတော်မှ ယဉ်ကျေးမှုသမိုင်းပြခန်းများ
ဗိသုကာလက်ရာ - ဦးသိန်းကျော်ထွဏ်း (ပန်းချီ /ပန်းပုအဖွဲ့) ကျောက်ဖြူမြို့              1987











@KHINE MYO HTUN

Sunday, May 28, 2017

ရခိုင်ပြည် မဟာမြတ်မုနိဘုရားကြီး၏ ရှုခင်းများ

မဟာမြတ်မုနိရုပ်ရှင်တော်
မဟာမြတ်မုနိသိမ်တော်အား ကောင်ကင်မှမြင်တွေ့ရပုံ




@ KHINE MYO HTUN.
DNWD(5) ကုန်း
မဟာမြတ်မုနိကုန်းတော်၏ အရှေ့မြောက်ထောင့် ဖွတ်ကန်၏ အနောက်တောင်ထောင့် ကန်ဘောင်ရိုးတွင် တည်ရှိသည်။ ကုန်းတော်ကို ခေတ်အဆက်ဆက်ဒေသခံများက မဟာမုနိဘုရားစက်တော်ဝန်းဘုရားဟု
လည်း ခေါ်ကြပါသည်။

@KHINE MYO HTUN.

မြန်မာ့မြို့ရွာဒေသများ၏ရှေးဟောင်းမြို့
အမည်များ
*********************************
ကန္တာရ၀တီ >>>>> ကယား
ကမ္ဘောဇ >>>>> ရှမ်း
ကုသိနာဂရ >>>>> ပုသိမ်
ကေတုမတီ >>>>> တောင်ငူ
ကေလာသ >>>>> တောင်၊ ကျိုက်ထိုဘီးလင်းတောင်ဘက်
ကောသမ္ဘီ >>>>> ကြို့ပင်၊ ညောင်ရွှေမြောက်ဘက်
ခေမရဋ္ဌ >>>>> ကျိုင်းတုံ
ခေါသန္တီ >>>>> မြင်းမြေ၊ ရွှေဘိုအနီး
ခတ္တိယ >>>>> ဧရာဝတီမြစ်ဝကျွန်းပေါ်
ဂန္ဓာရ >>>>> စိန့်၊ ကချင်ပြည်နယ်
စေတုတ္တရာ >>>>> စလင်းအနောက်ဘက်
စိနရဋ္ဌ >>>>> ကချင်ပြည်နယ်
စန္ဒပူရ >>>>> မဏိပူရဘက်နယ်စပ်

စမ္ပာနဂရ >>>>> သပိတ်ကျင်းမြောက်ဘက်
ဇေယဝဍ္ဎန >>>>> တောင်ငူနယ်
ဇေယျပူရ >>>>> စစ်ကိုင်း
ဇောတိနုဂရ >>>>> ကျိုင်း ဟုံ ကြီး စိ စွမ် ပန္နား လူ {၁၂} နယ်
တတ္ထဒေသ >>>>> ခန်းခြောက်မြေ၊ ပုဂံနယ်
တမ္ပဒီပ >>>>> ဧရာဝတီမြောက်ပိုင်း
ဓညဝတီ >>>>> ကျောက်တော်
မြောက်ဦး>>>>>မြောက်ဦး
ဒုတ္ထ၀တီ/ဒုဋ္ဌဝတီ >>>>> မြစ်ငယ်
ဒွာရာဝတီ >>>>> သံတွဲ
နဂရာဇာ >>>>> နဂရစ်
ပဉ္စာလရာဇ် >>>>> တကောင်း
ပဌမနဂရ >>>>> မကွေးတောင်ဘက်
ပေါက္ကရ၀တီ >>>>> ရန်ကုန်
မဟာနဂရ >>>>> မွန်ငယ်
မစ္ဆဂီရိ >>>>> ချင်းတောင်တန်း
မေဃဝတီ >>>>> မာန်အောင်
မိတ္ထီလာ >>>>> မိတ္ထီလာ
ယက္ခပုရ >>>>> သထုံ
ယောနက >>>>> ယော
ရတနပုရ >>>>> အင်းဝ
ရတနာပုံ >>>>> မန္တလေး
ရာဇဂြီဟ >>>>> ကလေးအနီး
ရာမညဒေဝ >>>>> မွန်ပြည်နယ်
ရမ္မာဝတီ >>>>> ရမ်းဗြဲ
ရတနာသိင်္ခ/ရတနာသိင်္ဃ >>>>> ရွှေဘို
ဝေဘာရာ ဝေပုလ္လ >>>>> ကျောက်ဆည်အရှေ့ရိုး
ဝေသာလီ >>>>> မြောက်ဦးအနီး
ဝိမဏု >>>>> ဗိဿနိုး၊ တောင်တွင်းကြီးအရှေ့
သလ္လဝတီ >>>>> ချင်းတွင်းမြစ်
သာကေတ >>>>> ရန်ကုန်
သာဂရ >>>>> ဆွာအနီး
သာယာဝတီ >>>>> သုံးဆယ်အနီး
သိရီခေတ္တရာ >>>>> မော်ဇာ
သိရီပစ္စရာ >>>>> ပုဂံအနီး
သိင်္ဂုတ္တရ >>>>> ရွှေတိဂုံကုန်းတော်
သုနာပရန္တ >>>>> ဧရာဝတီမြစ်မြောက်ဘက်
သုဓမ္မဝတီ >>>>> သထုံ
သုဝဏ္ဏဘူမိ >>>>> တိုက်ကုလား၊ အရက်သမ၊ ဝင်က
သင်္ဃ   ဿ   နာရ >>>>> တကောင်း
ဟရိပုဉ္စ >>>>> မွန်ပြည်နယ်/ ထိုင်း
ဟံသာဝတီ >>>>> ပဲခူး
အမရပူရ >>>>> တောင်မြို့
အရိမဒ္ဒနပူရ >>>>> ပုဂံ
အသီတဉ္စန >>>>> ရန်ကုန်
အလ္လကပ္ပ >>>>> စစ်ကိုင်းအနီး
အာဠဝတီ >>>>> မြစ်ကြီး
သြရိဿ        >>> ပဲခူး
ဥက္ကလာပ >>>>> ရန်ကုန် တို့ဖြစ်​ပါသည်​။

Wednesday, May 24, 2017

သမိုင်းအကျဉ်း

 
သမိုင်းအကျဉ်း


ဗုဒ္ဓရှင်တော် ဂေါတမမြတ်စွာဘုရားရှင် ခမည်းတော်မှာ ကပိလ၀တ်ပြည်ရှင် သုဒ္ဓေါဒနမင်း ဖြစ်ပြီး မယ် တော်မာယာမှာ ဒေ၀ဒဟတိုင်းပြည်သူဖြစ်သည်။ မယ်တော်မာယာမှာ ဗုဒ္ဓလောင်းလျာအား ပဋိသန္ဓေယူ ချိန်၌ မိမိဇာတိမြေဒေ၀ဒဟပြည်သို့ ပဋိသန္ဓေအမှန်ရှိနေကြောင်းသက်သေပြရန်ပြန်လာစဉ် လမ်းခရီးဝက်တိုင်းပြည်နှစ်ပြည်ကြား ``လုမ္ဗိနီတော´´ရှိ ဗုဒ္ဓလောင်းလျာသိဒ္ဓတ္ထမင်းသားအား ဖွားသန့်စင်တော်မူပြီး နောက်ခုနစ်ရက်နေ့တွင်လွန်တော်မူသည်။
ထိုစဉ် ကပိလ၀တ်တိုင်းနှင့် ဒေ၀ဒဟတိုင်း နှစ်ပြည်ထောင် သားအပေါင်းတို့မှာ မယ်တော် မာယာ အကြွင်းအကျန်ရုပ်ကလာပ်တော်ကို သင်္ဂြိုဟ်တာဝန်ယူလိုသည့် တစ်ပြည်နှင့်တစ်ပြည် အငြင်းပွားဖွယ်ဖြစ်လာပါသည်။ သို့ဖြစ်ပါ၍ မယ်တော်မာယာ၏ ကြွင်းကျန်ရုပ် က လာပ်တော်ကို ပန်းယိုင်ရထားဆင်ပြီးနှစ်ပြည်ထောင်သားအပေါင်းတို့က အပြိုင်ဆွဲကာ ဆုံးဖြတ်ခဲ့ရကြောင်း
သိရပါသည်။

ရခိုင်ရိုးရာ ရထားဆွဲပွဲအစ
သက္ကရာဇ် (၈၇၈) ခုနှစ် မြောက်ဦးနန်းတက်စိုးစံ ဘုရင်မင်းဘာ လက်ထက်၌ မဟာပညာကျော်နှင့်  ဦးမြ၀ါ (သျှင်ငယ်မြ၀ါ) ကဲ့သို့ ပညာရှိများနှင့်လောကီပညာရှင်များ ပေါ်ထွန်းခဲ့ ကြောင်း သိရသည်။ ဦးမြ၀ါ (သျှင် ငယ်မြ၀ါ) မှာ ဘုရင့်တိုင်းပြည်ရေးရာကို လောကီပညာဖြင့် ကူညီထမ်းဆောင်နေသူအဖြစ် ထင်ရှားသည်။ တစ်ခါသော် သျှင်ငယ်မြ၀ါသည် တိုင်းပြည်ရှေ့ရေးအတိတ်နိမိတ်မကောင်းခြင်းကို မြင်ရာ မင်းဘာဘုရင်ထံ သွားရောက်ပြီးကြာသပတေးရက်သားရှင်တစ်ဦး၏ ရင်ကိုခွဲ၊ အူကို ထုတ်ကာ ၎င်းလဲကျကွယ်လွန်ရာ နေ ရာ တွင်သာ မြုပ်နှံရန် လျှောက်တင်သည်။ ထိုစဉ်လောကီပညာရှင်ဦးမြ၀ါမှာ ကြာသပတေးရက်သားဖြစ်ပြီး မိမိ၏ရင်ကိုခွဲကာ အူကိုထုတ်၍ နန်းတော်အား ပတ်စဉ် ယုတ်ညံ့သောအရပ်၌ လဲကျကွယ်လွန်ခဲ့ကြောင်း သိရသည်။ ထိုသို့ မျိုးချစ်တိုင်းပြည်ရတနာဖြစ်သူအား ဘုရင်က ယုတ်နိမ့်အရပ်တွင် မမြုပ်စေဘဲ မြင့်မြတ် အရပ်၌သာ မြုပ်နှံစေရာ ပြည်သူအပေါင်းနှင့် သဘောထားကွဲလွဲပြီး သျှင်ငယ်မြ၀ါ၏ ကြွင်းကျန်ရုပ် အ လောင်းအား ပန်းရထားပေါ်တွင်တင်ပြီး ပြည်သူတစ်ဘက်၊ ဘုရင်ဖက်တော်သားတို့က တစ်ဘက်၊သူ့ဘက် ကိုယ့်ဘက် အနိုင်ရရှိစေရန် အပြိုင်ဆွဲခဲ့ကြ ကြောင်း သမိုင်းအရသိရှိရပါသည်။ ထိုအချိန်မှစတင်ကာ လောကီပညာရှင် သျှင်ငယ် ဦးမြ၀ါအားဂုဏ်ပြုပြီး နှစ်စဉ်နှစ်တိုင်း တပို့တွဲလ ရောက်တိုင်း ရထားဆွဲပွဲ
ကျင်းပကြခြင်းဖြစ်ပါသည်။
ကုံရာသီ တပို့တွဲ ရထားဆွဲ
တစ်နှစ်လုံး၏ ဆောင်းရာသီ တစ်လတည်း၌သာ ရထားဆွဲပွဲကို ကျင်းပသည်။ တောင်သူလယ်သမားများ နှင့် ပြည်သူအပေါင်း စပါးရိတ်ပြီးချိန် ငွေရွှင်ချိန်နှင့် ရှေ့လာမည့်နှစ်တွင် ရာသီဥတုကောင်းမွန်စေရန်နှင့်
စပါးဆန်ရေပေါများစေရန် ရည်ရွယ်၍လည်း တပို့တွဲလတွင် ရထားဆွဲကြကြောင်း စာဆိုသုတေသီအပေါင်း
က ဆိုသည်။ မြောက်ဦးခေတ်က အစပျိုးကာ ဗြိတိသျှခေတ်နှင့် ဒုတိယကမ္ဘာစစ်နှောင်းပိုင်းတွင်လည်း စဉ် ဆက်မပြတ် ရထားဆွဲပွဲကို ရခိုင်ဒေသအသီးသီးတွင် ကျင်းပခဲ့ကြကြောင်း သိရသည်။ ယနေ့ အချိန်အခါ တွင် နှစ်စဉ်နှစ်တိုင်း ရထားပွဲကို ကျင်းပသော်လည်း စစ်တွေမြို့တွင် လွန်ခဲ့သောနှစ်ပေါင်း (၄၀) ခန့်ကပင် ရထားဆွဲပွဲ မကျင်းပခဲ့ကြောင်း သိရပါသည်။ ရထားဆွဲရန် သစ်သားဘောင်ကို ခိုင်ခန့်အောင် လုပ်ပြီး
သစ်သားဘီး များဖြင့် တွဲဆက်ကာ ရထားအလယ်၌ ၀ါးညွှန့်ပင်ကို စိုက်ထူကာရထားတစ်ဘက်တစ်ချက်၌ ကြိုးဖြင့် ဆွဲကြသည်။ ရပ်ကွက်အသီးသီးမှတစ်ဘက်နှင့်တစ်ဘက် အပြိုင်ဆွဲ (သံကျိပ်)သံချပ်ထိုးကြသည်။
ညီညွတ်စုပေါင်းခွန်အားနှင့် အားကစားစိတ်ဓာတ်၊ မိသားစုစိတ်ဓာတ်ကိုအခြေခံကာ ယှဉ်ပြိုင်ကြသည်။
ရှေးနှစ်ပေါင်းများစွာကပင် ရထားဆွဲပွဲကို တပို့တွဲလဆန်းတွင် ဆွဲကြပြီး တပို့တွဲလပြည့်ည ရောက်တိုင်း ရထားကို အနိုင်ရသည့်ဘက်ကမီးရှို့လေ့ရှိကြသည်။ ရခိုင်ရိုးရာ ရထားဆွပြွဲကို ကျင်းပသည့်ရပ်ကွက်သည်
(၃) နှစ်ဆက်တိုက် ကျင်းပရသည့် ဓလေ့ရှိကြောင်း သိရသည်။ သို့ဖြစ်ပါ၍ ရခိုင်ရိုးရာအစဉ်အလာ ပွဲတော် တစ်ခုဖြစ်သည့် မပျောက်ကွယ်ရလေအောင် ထိန်းသိမ်းကြရပါမည်။ ၁၉၆၈ ခု၊ ပြည်ထောင်စုနေ့ပွဲတွင် ရခိုင်ပြည်နယ် ကိုယ်စားပြု ရထားပန်းယိုင်ယိမ်းကို ကျောက်ဖြူမြို့နယ်မှ တင်ဆက်ခဲ့ဖူးပြီး၊ ရေးစပ်သူမှာ ဆရာကြီး ဦးလုံး ဖြစ်ပါသည်။
ပြန်လည်ဖော်ထုတ်မှု ရထားဆွဲပွဲ-
၂၀၀၇ မှ စတင်၍ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် ကျင်းပသော ရခိုင်ပြည်နယ်နေ့ အခမ်းအနား၊ အား ကစား ပြိုင်ပွဲ များတွင်၊ ရခိုင်ရိုးရာ ရထားဆွဲပွဲကို နှစ်စဉ် ထည့်သွင်း ကျင်းပခဲ့ပါသည်။ ၂၀၀၉ ခုနှစ်၊ မိဇံ ရပ်ကွက်၊ ရခိုင်ရိုးရာ ရထားပွဲကျင်းပရေးကော်မတီအနေဖြင့် စစ်တွေမြို့တွင် နှစ် (၄၀) မျှ ပျောက်ဆုံးနေ သည့် ရထားဆွဲပွဲအား အသက် (၆၅)နှစ်အထက် မိမိကိုယ်တိုင် ပါဝင်ခဲ့ဖူးသူ အသက်ကြီးသူများ၊ အသက် (၉၃) နှစ် အထက်ရှိသူများအား သဘာပတိ (၉) ဦး တင်မြှောက် လျက် သက်ဆိုင်ရာ မိဇံရပ်ကွက် လူကြီး လူငယ်များ မြို့ပေါ်စေတနာရှင်များအပါအ၀င် ဖွဲ့စည်းထားပါသည်။
ရခိုင်စာဆို ဥက္ကာပျံ၏ ရတု (အေဒီ ၁၆ ရာစု)

* ကုံရာသီလွဲ၊ တပို့တွဲသည်၊
လွမ်းဖွယ်ပင် ပျော်ရွှင်လူ့ရပ်မြီ၊ ရထားသဘင်၊ နှစ်စဉ်ငင်သည်၊
သောင်းခွင် ဤလူ့ပြည်ထက် ၊ ရွှင်ပျော်ဖွယ်လူရို့၌
ရာဇဌာနီ မင်းနေပြည်ဝယ် ၊ ထိုထို ဇနပုဒ်၌
ကျူးသံရိုက်၊ ထိန့်ထိန့်ဆူ ၊ သမုဒ္ဒရာ၊ ယမုံနာသည်
သီဒါ ချောင်းခြား ယူခ ၊  

  ဖိတ်ခေါ်သံချပ်

* မောင်ရို့ ၊ မယ်ရို့ - လေး-လေး-လေး-လေး
ချမ်းရေကြက်တေ ၊ အိမ်မှာနီလို့ ၊ ပုဆိုးခြုံဗျာ ၊ ကုပ်ပီးကေ
မီးလှုံဗနာ ၊ ဆောင့်ကြောင့်ထိုင်လို့ ၊ထိုစကား၊ ဒေစကား ၊ ပြောနီလာ
တပို့တွဲလမှာ ၊ ရထားပွဲ ၊ ချမ်းစွာတိကို ၊ ဘေးဖယ်ထား
ချွေးထွက်သံယို ၊ ရထားဆွဲဖို့ ၊ အားလုံးလာလတ် ၊ ဖိတ်ခေါ်ရေ ။
ရိုးရာစိုင်လာ ၊ မမိန့်ကောင်း ၊ ထိန်းသိမ်းဂတ်မေ ၊ ရခိုင်သားရို့
ထိန်းသိမ်းဂတ်မေ ၊ ရခိုင်သားရို့၊ (မောင်ရို့ - မောင်ရို့ - လေး-လေး-လေး-လေး)၂
ကိုးကား
စာဆိုဥက္ကာပျံ၏ ရထားသဘင်ဖွဲ့၊ တပို့တွဲလရတု
ဆရာကြီးဦးလုံး၏ ရထားပန်းယိုင်

ရခိုင်ရိုးရာ ရထားဆွဲပွဲ ရုပ်သံဖိုင်ကို  ၀င်ရောက်လေ့လာပါ။

 စိုင်းဒြားရက္ခိုင်စည်အဖွဲ့ စစ်တွေမြို့လုံးကျွတ် ရခိုင်ရိုးရာ ရထားဆွဲပွဲ ရုပ်သံ(၁)၂၀၁၁- စစ်တွေစ်တွေ   

https://www.youtube.com/watch?time_continue=181&v=5BZQy7f5V-s 

https://www.youtube.com/watch?v=bMhTVw1fZ7U